ဆုတောင်း
ချစ်သူရေ.....
မင်းကသာလမင်းဆိုရင်
ကိုယ့်ရင်ခွင်မှာ ခိုနားဖို့အတွက်
အပြာရောင်ကောင်းကင်လေး
ဖြစ်ပါရစေ ...။
ချစ်သူရေ......
မင်းကသာနှင်းပွင့်လေးတစ်ပွင့်ဆိုရင်
ကိုယ့်ရင်ခွင်မှာ မှေးစက်ဖို့အတွက်
မြက်ခင်း ပြင်လေး
ဖြစ်ပါရစေ....။
ချစ်သူရေ......
မင်းကသာပန်းလေးတစ်ပွင့်ဆိုရင်
မင်းကို ညင်သာစွာ နမ်းရှိုက်ခွင့်ရမယ့်
လေပြေညင်းလေး
ဖြစ်ပါရစေ....။
ကိုကို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment